apply

    ဘဝသစ် (ဧလိမ်) သာသနာလုပ်ငန်းရဲ့ ဦးတည်ပြီး လုပ်ဆောင်လိုတာကတော့ - ပျောက်သောသူကိုရှာမည်၊ ရှာတွေ့သော သူများကို မွမ်းမံသင်တန်းပေးပြီး၊ သာသနာကွင်းများသို့စေလွှတ်ရန် ဖြစ်ပါတယ်။ ဧဝံဂေလိတရားတော်ကို မကြားဖူးသော သူများအား ကြားသိ စေရန်၊ ထိုကြားသိလာသောသူများမှ ယုံကြည်သူများရှိလာပါက အသင်းတော်များ တည်ထောင်သွားရန် ရူပါရုံရှိပါသည်။
    အမှုတော်ဆောင်များ လိုက်နာရမည့် စည်းကမ်းချက်များ

    ၁။ လောကနှင့်ဆိုင်သောကွမ်းစားခြင်း၊ဆေးလိပ်သောက်ခြင်း၊အခြားအခြားသောခရစ်တော်၏အမှုတော်ကို ဆောင်ရွက်သောသူ၏ အသက်တာနှင့် မကိုက်ညီသော အပြုအမှုသုံးဆောင်ခြင်းများ လုံးဝမပြုလုပ်ရန်။

    ၂။ အမှုတော်ဆောင်တစ်ဦးအနေဖြင့် အသင်းတော်တည်ထောင်ခြင်းလုပ်ငန်း လုပ်ဆောင်မှုမရှိလျှင် – မိမိအခြေချရာ နေရာ၊မြို့၊ရွာ တွင်ရှိသောအသင်းတော် တစ်ခုခုတွင် သင်းပြည့်အသင်းဝင်အဖြစ်နေထိုင်ပြီး၊ ထိုအသင်းတော်တစ်ခုတွင်သစ္စာ ရှိစွာပါဝင်ရမည်။ အခြား အသင်းတော်များ၊ သာသနာလုပ်ငန်းများနှင့် မိတ်သဟာယဖွဲ့ရန် လွတ်လပ်မှု ရှိပါသည်။ သို့သော် လက်ရှိမိမိ အသင်းဝင် ထားသည့် အသင်းတော်၏ သင်းအုပ်များ၏ခွင့်ပြုချက်အတိုင်း၊ သို့မဟုတ်အသင်းတော်အုပ်များ၏ စည်းကမ်းချက်များနှင့် အညီနေထိုင် လုပ်ဆောင် ရန်။ ဖြစ်နိုင်လျှင် မိမိပါဝင်အသင်းဝင်ထားသော အသင်းတော်၏အကြောင်းကိုအဖွဲ့ချုပ်သို့တင်ပြပေးပါရန်။

    ၃။ အမှုတော်ဆောင်တစ်ဦး၏ လုပ်ဆောင် လှုပ်ရှားမှုများကို တစ်လတစ်ကြိမ် သတင်းများအနေဖြင့် ရန်ကုန်ရှိ ရုံးချုပ်သို့ တင်ပြ ပေးရမည်။ တစ်လတစ်ကြိမ် လာရောက်တင်ပြရန်အခက်အခဲရှိလျှင်လည်းတစ်လတစ်ကြိမ်လုပ်ရှားမှု၊အောင်မြင်မှုသတင်းများကို ရေးထား မှတ်တမ်းတင်ထားရမည်။ ပြီးမှ အဆင်ပြေသော အချိန်တွင် တင်ပြ၊ အပ်နှံရပါမည်။

    ၄။ အမှုတော်လုပ်ဆောင်မှုနှင့်ပတ်သက်ပြီးရုံးချုပ်မှမည်သို့မည်ပုံ၊ အဘယ်အရာကိုလုပ်ဆောင်ရမည်ကိုသတ်မှတ်ကြပ်မတ်ခြင်းတို့မရှိပါ။ ​ထို့ကြောင့် ရုံးချုပ်အနေဖြင့်လုပ်ဆောင်မည့်တာဝန်သည်အမှုတော်ဆောင်ရွက်သူအားဆုတောင်းပေးခြင်း၊ ငွေကြေးများအားဖြင့် သင့်လျော် သည့်အတိုင်း ကူညီထောက်မခြင်းဖြင့်ပါဝင်ပြီး၊ အမှုတော် ဆောင်ရွက်သူအနေဖြင့်သာ မိမိ၏ရူပါရုံများကိုရုံးချုပ်နှင့်လွတ်လွတ်လပ်လပ် ဆွေးနွေးဝေငှပေးပါရန်။

    ၅။ အကယ်၍ အမှုတော်ဆောင်ရွက်သောသူသည် အသင်းတော်တည်ထောင်ခြင်းလုပ်ငန်းကိုလုပ်ဆောင်လျှင် တခြားအသင်းတော်များထံမှ အသင်းသူအသင်းသားများကိုမတရားသောနည်းလမ်းဖြင့်(ဥပမာ။ ကျွန်တော်တို့နှင့်ပါဝင်လာလျှင် နေရာပေးမည်၊လစာပေးမည်၊ သူတို့ထက်များအောင်ပေးမည်စသည်ဖြင့်) သွေးဆောင် ခေါ်ယူခြင်းမပြုရ။ အကယ်၍ယုံကြည်ပြီးသူတစ်စုံတစ်ဦးထံမှ လက်ရှိ ထိုသူတက် နေသောအသင်းတော်မှ မိမိအသင်းတော်သို့ ပြောင်းရွေ့ရန်ဆန္ဒရှိလာလျှင်ထိုသူ၏လက်ရှိအသင်းတော်မှ ခွင့်ပြုချက်ရယူပြီး၊ သင့်မြတ်စွာ အသင်းဝင်ခွင့်ပြုပါရန်။ခွင့်မပြုရဆိုသည်ကိုပြောဆိုလိုခြင်းမဟုတ်ဘဲ၊ ခွင့်ပြုသည့်အခါမှန်ကန်သောရည်ရွယ်ချက်ရှိရန်နှင့်တခြားအသင်း တော် များနှင့် သင့်မြတ်စွာနေထိုင်ရန်ဦးတည်ခြင်းဖြစ်ပါသည်။

    ၆။ အဖွဲ့ထံမှ အမှုတော်ဆောင်အား ရူပါရုံတူညီခြင်းမရှိတော့၍သော်လည်းကောင်း၊ခရစ်ယာန်အမှုတော်ဆောင်အနေဖြင့်မသင့်လျော်သော ပြုဆောင်မှုတွေကိုသော်လည်းကောင်း အဖွဲ့ချုပ်မှဘုရားသခင်၏နာမတော်ကိုရှုတ်ချစရာရှိသည်ဟုယုံကြည်သောအပြုအမူ လုပ်ဆောင်ချက် တစ်ခုခုကို တွေ့ရှိပါကကျွန်တော်တို့နှင့်အမှုတော်မြတ်တွင်ပူးပေါင်းလုပ်ဆောင်ခြင်းများကိုလူတွေ့ခေါ်ခြင်းဖြင့်သော်လည်းကောင်း၊စာရေး ခြင်း အားဖြင့်သော်လည်းကောင်း ရပ်တန့်လိုက်ပါမည်။

    ၇။ ဘဝသစ်(ဧလိမ်)သာသနာနှင့်လက်တွဲခြင်းမရှိတော့လျှင်မိမိ၏လက်ရှိလုပ်ဆောင်ခဲ့သောအရာအားလုံးသည်၊သာသနာမှကုန်ကျဝယ် ယူ ခဲ့သောအရာအားလုံး နှင့် ပိုင်ဆိုင်မှုအားလုံးကိုသာသနာချုပ်မှပိုင်ဆိုင်သွားပြီး၊ လုပ်ဆောင်မှုများကို ဘဝသစ်(ဧလိမ်)သာသနာမှ ဆက်လက် ပိုင်ဆိုင်လုပ်ဆောင်သွားပါမည်။

    ၈။ ဘ၀သစ် ခေါင်းဆောင်မှုကျောင်းတွင် ကျောင်းပြီးသူဖြစ်ရပါမည်။ ဘ၀သစ် ကျောင်းတွင် အနည်း ဆုံး (၃)လ သင်တန်းကို ပြန်လည်တက်ရပါမည်။ သို့မှသာ ဘဝသစ်သာသနာ၏ အချိန်ပြည့်အမှုတော်ဆောင်အနေဖြင့် လက်ခံပါမည်။ ၃ လ အချိန် မပေးနိုင်ပါက၊ ဘဝသစ်မှ ပြုလုပ်သော အမှုတော်ဆောင်များသင်တန်းတက်ပြီးလျှင် အနည်းဆုံး (၃) လမှ (၆)လ အစမ်းခန့်ဖြင့်သာ စတင်လက်တွဲလုပ်ဆောင်၍ရပါမည်။

    ဘ၀သစ်ဧလိမ်မှ အမှုတော်ဆောင်များ၏ နေဖို့ အိမ်ကို အတတ်နိုင်ဆုံးစီစဉ်ပေးပါသည်။ မျှော်မှန်းလစာတွင် အိမ်ငှားနေဖို့ အတွက် မပါဝင်ပါ။ မျှော်မှန်းလစာတွင် မိမိစားဝတ်ရေးအတွက်သာပါပါမည်။