ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဒလမြို့၊ ကျန်စစ်သားရပ်ကွက် သမိန်ပရမ်းလမ်း နှင့် ရာဇင်္ဩန်ရပ်ကွက် အုတ်လှငယ်လမ်း လမ်းသွယ် မင်းတုန်းလမ်း၌ ခရစ်စ္စမတ်ဧဝံဂေလိ အစီအစဉ်ကို (၂) နေရာတွင် ပြုလုပ်ခဲ့ပါသည်။ ခရစ်စ္စမတ်သတင်းကောင်းကို ကြားနာသူများ၊ ခရစ်တော်ကို ယုံကြည်လိုစိတ်၊ မြည်းစမ်းလိုစိတ်ဖြင့် ဆုံးဖြတ်သည့်သူအားလုံးအပေါ် ဘုရားသခင်ကောင်းကြီးကောင်းကြီးပေးပါစေ။
အဖက်ဖက်မှ အသုံးတော်ခံကြသော အယောက်စီတိုင်းပေါ်မှာလည်း ဘုရားသခင်အထူးအသုံးပြု၍ ကောင်းကြီးပေးပါစေ။